September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

ဝန်ထမ်းများ လေ့ကျင့်ခန်းပိုမိုလုပ်စေရန် မည်ကဲ့သို့ လုပ်ရမည်နည်း

1

Health Updates Journal

No. 211
လုပ်ငန်းရှင်များအနေနဲ့ မိမိ တို့ လုပ်ငန်းခွင်အတွင်း ကျန်းမာရေး  နှင့်မကိုက်ညီသော စံနှုန်းအတွင်းရှိ  ၀န်ထမ်းမျာက ၎င်းင်းတို့အနေနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စေရန် အတွက် လုပ်ငန်းခွင် ကျန်းမာသန် စွမ်းမှုအစီအစဉ်များ ရေးဆွဲပြီး လိုက် နာကျင့်သုံးစေလေ့ ရှိပါသည်။ သို့ ရာတွင် မည်ကဲ့သို့သော နည်းလမ်း များဖြင့် လှုံ့ဆော်ရမည်ဆိုတာက အမြဲတမ်းခေါင်းခဲစရာ ကိစ္စတစ်ခုလို ဖြစ်နေပါသည်။ ၀န်ထမ်းများအား မည်သည့် အားကစားလှုပ်ရှားမှု ပြု လုပ်လျှင် ]]ဆု}} ပေးမည်ဟု သတ် မှတ်ပြီး လုပ်ဆောင်ခိုင်းခြင်းသည် ကောင်းမွန်သော်လည်း အောင်မြင်မှု ရလဒ်မှာ သိပ်မများလှပါ။ အဖွဲ့အ စည်းများမှ အ၀လွန်သော ၀န်ထမ်း တွေကို လေ့ကျင့်ခန်းလုပ်ဖို့ ဆုကြေး ငွေများနဲ့ ဆွဲဆောင်ရာတွင် သတ် မှတ်ထားသော အစီအစဉ်အတိုင်း လုပ်ဆောင်ပါက ဆုကြေးရမည့် စနစ်အစား ဆုကြေးငွေပေးထားပြီး ၀န်ထမ်းအနေနဲ့ လေ့ကျင့်ခန်းမလုပ် ဆောင်ပါက ၎င်းင်းတို့၏လက်ခံထား သည့် ဆုကြေးငွေထဲမှ ပြန်လည်နှုတ် ယူသည့်စနစ်သည် သာလွန်ကောင်း မွန်နေကြောင်း တွေ့ရှိရသည်။ ချီး မြှင့်မည့်  ဆုကြေးပမာဏမှာမှု အတူ တူပင်ဖြစ်ကြောင်း သိရသည်။ပင်နယ် ဆယ်ဗေးနီးယား တက္ကသိုလ် ပါရာယ် မန်းဆေးကျောင်းမှ သုတေသီတို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်း တစ်ခုမှ အ၀လွန်နေသော ၀န်ထမ်း များနှင့် ကိုယ်အလေးချိန် ပုံမှန်ထက် များနေသောသူများ ၂၈၁ ယောက်ကို စမ်းသပ်မှုကာလ ၂၆ ပတ်အတွင်း တစ်နေ့လျှင် ခြေလှမ်းပေါင်း ၇ç၀၀၀ ပြီးမြောက်ရမည်ဟူသော ရည်မှန်း ချက်တစ်ခုထားပေးကာ လေ့လာခဲ့ ခြင်း ဖြစ်သည်။ တွေ့ရှိချက်ရလဒ် များက ဆုကြေးများ ဆုံးရှုံးခြင်းသည် ပို၍ အစွမ်းထက်သော စိတ်ပိုင်းဆိုင် ရာလှုံ့ဆော်ပေးမှုဖြစ်ပြီး ၀န်ထမ်းများ က ကျန်းမာသန်စွမ်းမှု အစီအစဉ်များ တွင် ပါဝင်စေရန် ဆုကြေးငွေများကို ဘယ်လို အသုံးချရမလဲဆိုတာကို ပို မို သိရှိစေပါသည်}} ဟု သုတေသီတို့ က ရှင်းပြခဲ့သည်။
DrA.Z