September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

နေ့အချိန်ပြောင်းလဲခြင်းနှင့် လေဖြတ်ခြင်းအန္တရာယ်မြင့်တက်ခြင်းတို့ ဆက်စပ်မှုရှိနေ

2

Health Updates Journal

No. 211
လေဖြတ်ခြင်းကို နာရီလက်တံ အား ၁ နာရီ ရှေ့တိုးခြင်း သို့မဟုတ် နောက်ဆုတ်လိုက်ခြင်းဖြင့် အန္တရာယ် ပိုများစေနိုင်သည်ဟုသော တွေ့ရှိ ချက်ကို ဖင်လန်နိုင်ငံတာခူး တက္က သိုလ်မှ သုတေသနအဖွဲ့က အံ့အား သင့်ဖွယ် တွေ့ရှိခဲ့သည်။ လေဖြတ် ခြင်းတွင် သွေးကြောများကျဉ်းခြင်း ကြောင့် အဖြစ်အများဆုံးဖြစ်ပြီး၈၅% အဖြစ်အများဆုံး အမျိုးအစားဖြစ် သည်။ နှစ်စဉ် အမေရိကန် လူမျိုး    ၁သိန်း ၃ သောင်းခန့်သည် လေဖြတ် ခြင်းကြောင့် အသက်ဆုံးရှုံးနေရပြီး လူ ၂၀ တွင် ၁ ယောက်နှုန်းခန့်ဖြင့် သေဆုံးနေခြင်း ဖြစ်သည်။ သုတေ သနအဖွဲ့သည် ဆေးရုံးတက်နေရ သောလူနားများ၏ အချက်အလက် များကို အသုံးပြုလေ့ကာဆန်းစစ်ခြင်း ဖြစ်သည်။ နေ့အချိန် အချိန်ပြောင်းလဲ ပြီး ပထမဆုံးနှစ်ဝက်တွင် သွေးကြော ကျဉ်းခြင်းကြောင့်ဖြစ်သော လေဖြတ် ခြင်း သည် ၈% မြင့်တက်လာခဲ့သည်။ ထို့နောက် ဖြစ်ပွားနှုန်းသည်ရှိနေကျ နှုန်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ အသက် ၆၅ အထက် အရွယ်ရှိ သူများတွင်လည်း နေ့အချိန်ပြောင်း လဲပြီးနောက် လေဖြတ်ရန် ၂၀%မြင့် တက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ လေဖြတ်ခြင်းသည် ညသန်းခေါင် ၁၂ နာရီနှင့် ည ၆ နာရီ အ ကြားတွင် အဖြစ်အများဆုံးဖြစ်ပြီး အခြားသော အချိန်များတွင် ဖြစ်ပွားနှုန်း ၅၅% ပိုများသည်ကို တွေ့ရှိထားပြီဖြစ် သည်။ သို့သော် ယခုလို နေ့အချိန် ပြောင်းလဲခြင်းကား လေဖြတ်ခြင်း၏ အန္တရာယ် ပထမဆုံးလေ့လာခဲ့ခြင်း ဖြစ်သည်။ ယခု တွေ့ရှိချက်ကား American Academy of Neurology’s 68th Annual Meeting  တွင် တင်ပြမည်ဖြစ် ကြောင်း သိရှိရသည်။
Dr A.Z