September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

ကော်ဖီနှင့် ဗီဇမျိုးစိတ်

CXTF37 Woman blowing on coffee in cafe

Health Updates Journal

Vol(139)
ကော်ဖီတွင်ပါဝင်သော ကဖိန်း ဓာတ်သည် လူတစ်ဦးနှင့်တစ်ဦးအပေါ် အကျိုးသက်ရောက်ပုံချင်း မတူညီ ကြောင်းတွေ့ရသည်။ ၎င်းင်းသည် မျိုး ရိုးဗီဇဆိုင်ရာ အကြောင်းပြချက် ကြောင့်ဖြစ်သည်။ ထိုလေ့လာမှု အတွက် ဘောစတွန်မြို့ရှိ ဟားဗတ် လူထုကျန်းမာရေးကျောင်းနှင့် အမျိုး သမီးဆေးရုံမှ စစ်တမ်းများအရ သိရသည်။ ၂၀၀၆ ခုနှစ် လေ့လာမှု အရ ကော်ဖီများများသောက်ခြင်းနှင့်  နှလုံးကျန်းမာရေးအပေါ် ကောင်း ခြင်းဆိုးခြင်းကို လေ့လာခဲ့သည်။ ဗီဇ တုန့်ပြန်ခြင်းကြောင့် ကဖိန်းဓာတ်ကို ချေဖျက်နိုင်ခြင်း နှေးကွေးခြင်းကြောင့် တစ်နေ့ကို ကော်ဖီ ၃ခွက်သောက် သော်လည်း နှလုံးရောဂါမဖြစ်နိုင် ကြောင်းတွေ့ရသည်။ ထိုလေ့လာမှု အတွက် ဥရောပနှင့် အာဖရိကရှိ ကော်ဖီသောက်သုံးသူ အမေရိကန် ၁၂၀၀၀၀ကို လေ့လာခဲ့သည်။ သူတို့ ၏သွေးများကို လေ့လာခဲ့ရာ ဗီဇမျိုး စိတ် POR် နှင့် ABCG2  မျိုးစိတ် ၂ခု ရှိသူသည် ကဖိန်းဓာတ်ကြောင့် နှလုံးရောဂါမဖြစ်နိုင်ကြောင်း တွေ့ရ သည်။
မာဃ
Ref:MNT