September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

အဆီများသော အစားအစာဖြစ်သည့် မြေပဲ. . . နှလုံးကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါသလား၊

6

Health Updates Journal

No. 164
လေ့လာမှု အသစ်တစ်ခုအရ မြေပဲသည် အဆီများသော အစား အစာထဲတွင် ပါဝင်သော်လည်း ၎င်းင်း ကအစားအစာများမှတဆင့် ဖြစ်ပေါ် စေသော နှလုံးရောဂါဖြစ်စေသည့် ဘေးထွက်ဆိုးကျိုးများကို လျော့ပါး စေကြောင်း သိရသည်။ မြေပဲမှာ အဆီများပြီး အာဟာရနည်းသော အစားအစာအဖြစ် အမေရိကန်    အာဟာရအဖွဲ့အစည်း၏ လတ်တ လော နှစ်ပတ်လည်အစည်းအဝေး၌ ဖော်ပြ ခဲ့သည်။ ပြီးခဲ့သည့်လေ့လာမှု၌ တစ်ပတ်လျင်နှစ်ကြိမ်ခန့် မြေပဲစား ပေးသောသူသည် နှလုံးသွေးကြော ကျဉ်း ရောဂါဖြစ်ပွားမှုနည်းစေ ကြောင်း တွေ့ခဲ့ရသည်။
Pennsylvania State University မှ လုပ်ခဲ့သည့် လေ့လာ မှုက မြေပဲစားရာ၌ သွေးလွှတ်ကြော များအပေါ်တွင် သက်ရောက်မှုဖြစ် ပေါ်စေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ယခုလေ့လာမှု၏ အဓိကရည်ရွယ်ချက်မှာ အဆီများ သောအစားများ စားပြီးချိန်၌ သွေး ကြော၏ လုပ်ဆောင်မှုကို သိရရန် ရည်ရွယ်လေသည်။ ရလဒ်များအရ အစားအစာတွင် မြေပဲကိုရောနှော စားသုံးခြင်းက သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်စေကြောင်းသိရသည်။
ဖိုးသောကြာ
Ref; Medindai