September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

အင်တာနက်အသုံးပြု၍ မိမိဖာသာရောဂါရှာဖွေခြင်းနှင့် ကျန်းမာရေး

2

Health Updates Journal
No. 170
တိုးတက်လာသည့် နည်း ပညာများကိုကျွမ်းကျင်စွာ သုံးတတ် သူများ က မိမိ၌ကြုံတွေ့နေရသည့် ပြဿနာများကို အင်တာနက်မှာ ရှာဖွေခြင်းက ထမင်းစားရေသောက် လုပ်ရိုး လုပ်စဉ်အလေ့အကျင့်တစ်ခု သာ ဖြစ်လေသည်။ သို့သော်လည်း မိမိဘ၀အတွက် အရေးကြီးလှသည့် ကျန်းမာရေးနှင့် ပတ်သက်လာလျှင် တော့ အမှန်တကယ်တတ်ကျွမ်းသူ များနှင့်သာ ဆွေးနွေးသင့်ပြီး၊ အင် တာနက်ကို အားကိုးလွန်ခြင်းအား ဖြင့် ပြဿနာများစွာ ကြုံတွေ့ရနိုင် လေသည်။ ဥပမာအားဖြင့် မိမိ၏ သတင်း အချက်အလက်များအား အင်တာနက် Search Engine မှ လွဲမှားစွာ အဓိပ္ပါယ်ကောက်ယူပြီး မှားယွင်းသည့် သတင်းအချက် အလက်များ ပြန်လည်ဖော်ပြရာမှ မိမိကိုယ်တိုင်လည်း ကျွမ်းကျင်သူ မဟုတ်သည့်အတွက် လွဲမှားစွာ ရောဂါအမည်တတ်မိပြီး၊ မှားယွင်း သည့် ကုထုံးများစတင်မိကာ၊ အမှန် တကယ်ကျွမ်းကျင်သူထံသို့ ရောက် ချိန်တွင် နောက်ကျနေလေ့ရှိသည်။ လေ့လာမှုအရ တစ်လတစ်လလျှင် အင်တာနက်ရှာဖွေမှု ဘီလီယံ တစ်ဝက်ခန့်မှာ ကျန်းမာရေးနှင့် ပတ်သက်သည်များ ရှာဖွေခြင်းဖြစ် ပြီး၊ ယင်းကသုံးစွဲသူများ၏ ကျန်းမာ ရေးကိုထိခိုက်စေနိုင်သည်ကို တွေ့ရ သည်။ သြစတြေးလျရှိ Queensland  တက္ကသိုလ်မှ Dr.Guido Zuccon က အင်တာနက်သုံး၍ မိမိဘာသာ ရောဂါ ရှာဖွေသူများတွင် ၁၀ဦးလျှင် ၃ဦးခန့်သာ ရောဂါနှင့်သက်ဆိုင် သည့် အချက်အလက်များရရှိကြောင်း တွေ့ရ၍၊ ယင်းကဲ့သို့အသုံးပြုခြင်း က ဝေဒနာရှင်များအား မှားယွင်း သော အကြံများသာပေးနိုင်ကြောင်း၊ အကယ်၍ အင်တာနက်အား အသုံး ချလိုပါက ကျွမ်းကျင်သူများက ရောဂါအမည်တတ်ပြီးမှသာ ယင်း ရောဂါအား ပြန်လည်ရှာဖွေ၍ သင့်လျော်သည့် အချက်များသုံးသင့် ကြောင်း အကြံပြုခဲ့သည်။
ဖိုးသောကြာ