September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

သံလိုက်က အစားအသောက်ဆိုင်ရာ ပြဿနာများအား ကူညီဖြေရှင်းပေးနိုင်

13

Health Updates Journal

No. 94
လေ့လာမှုအသစ်တစ်ခုအရ အစားအသောက်ပျက်ခြင်း၊ အစား အလွန်အကျွံစားပြီးနောက် စိတ်ဓာတ်ကျခြင်းစသည့် အစားအသောက်ဆိုင်ရာပြဿနာများအား သံလိုက်ကို အသုံးပြု၍ကုသနိုင်ကြောင်း အကြံပြုခဲ့သည်။ University of Toronto   မှ လေ့လာသူများက လူ နာ၏ဦးရေပြားပေါ်၌ ပြုပြင်ထားသော သံလိုက်ခွေအားတင်၍ ယင်းမှ တစ်ဆင့် ဦးနှောက်တွင်းရှိ  လျှပ်စီးလမ်းကြောင်းများအား  မှန်ကန်စေရန် လှုံ့ဆော်ပေးခြင်းဖြစ်သည်။ သံလိုက်ခွေအား ဦးနှောက်၏ မိမိကိုယ်ကို ထိန်းချုပ်သည့်အပိုင်းနှင့် နီးစပ်ရာတွင်ထားပြီး တစ်ပတ်လျှင် ၅ ကြိမ် တစ်လခန့်ကုသပြီး ရလဒ်များကို စောင့်ကြည့်ခဲ့ရာ ရောဂါလက္ခဏာများမှာ တစ်ဝက်ခန့်သက်သာသွားပြီး ရောဂါလက္ခဏာမပြဘဲ တစ်နှစ်လောက်ထိ နေနိုင်ကြောင်း သိရသည်။
မိုင်ကိ
ref:Netdoctor.co.uk