September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

သက်ကြီးရွယ်အိုတွေမှာကျန်းမာရေးနဲ့ညီညွှတ်တဲ့ လိင်မှုဘ၀က အရေးကြီး

2

ံHealth Updates Journal

No. 210
ဗြိတိန်ရှိConventryUniversity က ပြုလုပ်ခဲ့တဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့သုတေသနတစ်ခုမှာအသက် ၅၀ အထက်လူကြီးတွေအနေနဲ့မိမိကြင်သူသက်ထားနဲ့အိပ်ခန်း တွင်းအမှုကိစ္စတွေမှာတက်တက်ကြွကြွရှိနေတုန်းပဲဆိုရင်မှတ်ဥာဏ်အရည်အသွေး ပိုကောင်းတယ်လို့တွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိဖို့အတွက်သုတေသီတွေအနေနဲ့အသက် ၅၀ ကနေ ၈၉ ကြား သက်ကြီးရွယ်အိုပေါင်း ၆ç၈၀၀ ကိုလေ့လာခဲ့ပါတယ်။ တွေ့ရှိချက်တွေကတော့ချစ်တင်းနှောစဉ်ထွက်ပေါ် လာတဲ့ ဒိုပါမင်းနဲ့အောက်ဆီတိုစင်စတဲ့ ဟော်မုန်းတွေကမှတ်ဥာဏ်ပိုင်း ဆိုင်ရာကိုအားပေးပြီးသင်ကြားရေး မှာလည်း အထောက်အကူဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ တွေ့ရှိချက်တွေ့အရအသက်ကြီးတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးချိန်မှာလိင်ပိုင်းဆိုင်ရာဆွေးနွေးပေးမှုတွေကမှတ်ဥာဏ်ပိုင်းဆိုင်ရာပြဿနာတွေကိုလျော့ပါးစေပြီး၊ ကျန်းမာရေးနဲ့မျှတစေတယ်လို့ဆိုပါတယ်။ ယင်းတွေ့ရှိချက်ကိုAge and Aging ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။ လေ့လာမှုမှာသက်ကြီးရွယ် အိုပါဝင်သူတွေကို စကားလုံး ၁၀ လုံး မှတ်စေပြီး နောက်ချက်ပြန်ဖြေစေတယ်။ နောက် ၅ မိနစ်ကြာပြီး ချိန်မှာတစ်ခါပြန်ဖြေစေပါတယ်။ ပြီးနောက် ပါဝင်တွေကိုကြိမ်နှုန်းမှန် ကိန်းစဉ်တန်းတစ်ခုမှာကိန်းတစ်လုံး ဖျောက်ပြီး ယင်းကိန်းကိုမေးတာ၊ စတာတွေပြုလုပ်ခဲ့ပါတယ်။ ရလဒ်မှာတော့စကားလုံးဖြေဆိုမှုမှာလိင်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ညီညွှတ်ကောင်းမွန်တဲ့အလေ့အကျင့်ရှိသူတွေက ၂၃% ပိုမှန်ပြီး၊ ကိန်းဂဏန်း ပဟေဠိမှာတော့ ၃% ပိုမှန်တာကိုတွေ့ရပါတယ်။ သုတေသီတွေကလိင်ကိစ္စဟာ လူတွေမှာငယ်ရွယ်စဉ်မှာ ၃% ပိုမှန်တာကိုတွေ့ရပါတယ်။ သုတေသီတွေကလိင်ကိစ္စ ဟာ လူတွေမှာငယ်ရွယ်စဉ်မှာဖြစ်စေရွယ်ရောက်ပြီးချိန်မှာဖြစ်စေ အရေးပါတဲ့ကဏ္ဍတစ်ခုက ပါဝင်ပါ တယ်။ ယင်းကဘ၀ကိုပိုအကောင်း   မြင်စေပြီး၊ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး၊ ကျန်းမာ ရေးနဲ့ညီညွှတ်တဲ့လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့တိုက်တွန်းစေပါတယ်လို့ပြောကြားခဲ့ပါတယ်။

ဖိုးသောကြာ