September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

လူကိုဒုက္ခပေးတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်(စ်)တွေက အပြင်မှာ ဘယ်လောက်အထိနေနိုင်သလဲ၊

3

Health Updates Journal

No. 211
ပတ်ဝန်းကျင် အနေအထား ပေါ်မူတည်ပါတယ်။ ပူခြင်း၊ အေး ခြင်း၊ ခြောက်သွေ့ခြင်း၊ စွတ်စိုခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။

သာမန်အဖျားရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်(စ်)
ဖျားစေတဲ့ဗိုင်းရပ်(စ်) အမျိုး အစားပေါင်း မြောက်များစွာ ရှိပါ တယ်။ တခါတရံ အိမ်အတွင်း၊ အခန်းတွင်းမှာ ၇ ရက်ကျော်ကျော် လောက် နေနိုင်ပါတယ်။ စတီး၊ ပလက်စတစ်ပစ္စည်းတွေပေါ်မှာ ပို နေနိုင်ပါတယ်။ အ၀တ်အထည်နဲ့ အခြားပစ္စည်းတွေပေါ်မှာ နေနိုင်စွမ်း အားနည်းပါတယ်။ အချို့က လက် တွေပေါ်မှာ မိနစ်အနည်းငယ် နေ ထိုင်နိုင်ပါတယ်။ rhinoviruses ရဲ့ ၄၀ ရာခိုင်နှုန်းကတော့ ၁ နာရီကျော် လက်ပေါ်မှာနေနိုင်ပါတယ်။Resp-i ratory Syncytial virus (RSV)  က ကလေးတွေမှာ ပြင်းထန်တဲ့ ဖျားနာခြင်းကိုဖြစ်စေပြီး တံခါးလက် ကိုင်တွေမှာ ၆ နာရီကျော်၊ အ၀တ် အစားနဲ့ ခန္ဓာကိုယ်ပေါ်မှာ ၃၀-၄၅ မိနစ်နဲ့ အရေပြားပေါ်မှာ မိနစ် ၂၀ အထိနေနိုင်ပါတယ်။

တုပ်ကွေးဗိုင်းရပ်(စ်)
မာကျောတဲ့မျက်နှာပြင်ပေါ် မှာ ၂၄ နာရီအထိ နေနိုင်ပြီး ခန္ဓာကိုယ်တစ်ရှူးတွေပေါ်မှာတော့ ၁၅ မိနစ်သာနေနိုင်ပါတယ်။ လက် ပေါ်မှာ ခဏသာနေနိုင်ပြီး ၅ မိနစ် ကျော်ရင်တော့ ဗိုင်းရပ်(စ်) ကောင်ရေ ကျသွားပါတယ်။ လေထဲက ရေအမှုန် အမွှားတွေထဲမှာတော့ နာရီပေါင်းများ စွာ နေနိုင်ပါတယ်။ အပူချိန်နိမ့်လေ အသက်ရှည်လေပါပဲ။ Parainflu- enza virus ကတော့ မာတဲ့မျက်နှာ ပြင်တွေမှာ ၁၀ နာရီကျော်နဲ့ ပျော့တဲ့ မျက်နှာပြင်ပေါ်မှာ ၄ နာရီကျော် နေနိုင်ပါတယ်။

အစာအိမ်ထဲက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်(စ်)များ
နEcoli, Salmonella, Clo-stridium difficile  နဲ့ camp- ylobacter  ဘက်တီးရီးယားတွေနဲ့ norovirus, ratovirus တွေ အစာ အိမ်ထဲမှာရှိတတ်ပြီး လူကိုဒုက္ခပေး ပါတယ်။Salmonella နဲ့ Camp-ylobacter  တွေက မာတဲ့မျက်နှာပြင် တွေပေါ်မှာ ၁ နာရီ မှ ၄ နာရီအတွင်း နေထိုင်နိုင်ပြီး norovirus က မျက်နှာပြင်အမာတွေပေါ်မှာ ရက် သတ္တပတ် တော်တော်ကြာအောင် နေနိုင်ပါတယ်။ Clostridium difficile  က မာတဲ့ မျက်နှာပြင်မှာ ၅ လ လောက်အထိ နေနိုင်ပါတယ်။ အချို့လူတွေရဲ့ အန်ဖတ်ထဲမှာnoro-virus  တွေပါဝင်ပြီး သူတို့က ရေမှုန် လေးတွေကတဆင့် လေထဲကိုရောက် ရောဂါပျံ့နှံ့ပါတယ်။

MRSA
Meticillin – resistant Staphylococcus aureus  ခေါ်တဲ့ ပုံမှန် တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ပိုးသတ်ဆေးတွေရဲ့ ဒဏ်ကို ခံနိုင်တဲ့ ဘက်တီးရီးယားတွေက အပြင်မှ ရက်သတ္တပတ်နဲ့ ချီပြီး နေနိုင်ပါတယ်။ အခြား ဘက်တီးရီးယားတွေ ဗိုင်း ရပ်(စ်)တွေထက် ပိုရှင်သန်နိုင်ပါ တယ်။

ရေယုန်ဗိုင်းရပ်(စ်)
ပလက်စတစ်ပေါ်မှာ ၄ နာရီ ရှင်သန်နိုင်ပြီး အ၀တ်ပေါ်မှာ ၃နာရီ၊ အရေပြားပေါ်မှာ ၂ နာရီ နေနိုင်ပါ တယ်။
DMW