September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

မုန့်ချိုအိတ်ထဲမှာ အင်ဆူလင်ဘယ်လောက်ရှိသလဲ သိနိုင်မယ့်နည်းလမ်းတွေ့ရှိ

2

Health Updates Journal

No. 212
ဆရာဝန်တွေကလူ ၁ ယောက် ရဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ဘယ် လောက်ကျန်သေးလဲဆိုတာကို အတိ အကျ သိလိုကြပါတယ်။ ဒါပေမယ့် အဲဒီလူ မသေမချင်း အဲဒီမုန့်ချိုအိတ် ကို ဖြတ်ထုတ်ပြီး မစစ်နိုင်မခြင်း၊ ဝေဒနာရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင် ဘယ်လောက်ကျန်မယ် ဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမယ့် Diabetes Journal မှာ ဖော်ပြခဲ့တဲ့ သုတေသန ၁ ခုမှာတော့ သက်ရှိ သတ္တ၀ါတွေရဲ့ မုန့်ချိုအိတ်ထဲမှာ အင်ဆူလင် ဘယ်လောက်ကျန်သေး လဲဆိုရင်ဆိုတာကို အတိအကျ တိုင်း တာနိုင်မယ့်နည်းကို ဖော်ပြခဲ့ပါ တယ်။
သုတေသီတွေက လူတွေမှာ ထုတ်တဲ့ အင်ဆူလင် မထုတ်မီအဆင့် Proinsulin ထုတ်ပေးနိုင်မယ့် ဗီဇ ပြောင်းကြွက်တွေကို ဖန်တီးနိုင်ခဲ့ တယ်။ အဲ့ဒီနောက် Proinsulin တွေကို ရောင်ပြန်ပရိုတင်းတွေဖြစ် အောင် ပြုပြင်ပြန်တယ်။ ရလဒ် အနေနဲ့ ယင်းရောင်ပြန် Proinsulin တွေက ကြွက်ရဲ့မုန့်ချိုအိတ်ကို ရောင် ပြန်လင်းလက်စေတယ်။ မုန့်ချိုအိတ် ရဲ့ အင်ဆူလင်ထုတ်ပေးတဲ့ Islets ဆဲလ်တွေက ယင်း Proinsulin တွေရဲ့ ရောင်ပြန်ကို ၎င်းင်းတို့ မှာရှိတဲ့ အင်ဆူလင် အနည်းအများ ပေါ် မူတည်ပြီး တုန့်ပြန်ပါတယ်။ ဒီအခါ မှာတော့ သုတေသီတွေအနေနဲ့ကြွက် တွေမှာ အင်ဆူလင် ဘယ်လောက် ထုတ်တယ်ဆိုတာ အချိန်နဲ့တစ်ပြေး ညီသိနိုင်မှာ ဖြစ်ပါတယ်။
တစ်ကယ်လို့ သီးသန့်ဖယ် ထုတ်ထားတဲ့မုန့်ချိုအိတ် ဘီတာဆဲလ် တွေကို လှုံ့ဆော်လိုက်တဲ့အခါမှာ ဘီတာဆဲလ်တွေထဲက အင်ဆူလင် အစုအဝေးလေးတွေ ထွက်လာပြီင်္း အလင်းတုန့်ပြန်မှုကို ဖြစ်ပေါ်စေ ပါတယ်။ အလင်းတုံ့ပြန်မှု ၁ ခုက အင်ဆူလင် မော်လီကျူး ၁၀၀ç၀၀၀ မှ ၁ç၀၀၀ç၀၀၀ ထုတ်လုပ်မှုနဲ့ ညီပါ တယ်။ တစ်ကယ်လို့ ဘီတာဆဲလ် တွေကို လှုံ့ဆော်မှုမရှိတော့ဘူးဆိုရင် တော့ အင်ဆူလင်ထွက်မှုနည်းသွား ပြီး ဘာအလင်းရောင်မှ တွေ့ရမှာ မဟုတ်တော့ပါဘူး။
ဒီတွေ့ရှိချက်မှာ အချို့မုန့်ချို အိတ်ဆဲလ်တွေကသာ အင်ဆူလင်ကို သွေးထဲသို့ ထုတ်လွှတ်ပေးတာကို အံသြဖွယ်တွေ့ခဲ့ရပါတယ်။ အများစု ကတော့ လှုံ့ဆော်မှုတွေမှာ တုန့်ပြန် မှု မရှိတာကို တွေ့ရပါတယ်။ ဒါ ကြောင့် ခန္ဓာကိုယ်ရဲ့ ပထမ ခံတပ် အနေနဲ့ လုပ်ဆောင်ပေးတဲ့ Islets ဆဲလ်တွေ ကျဆုံးသွားတဲ့အခါ လှုပ် ရှားမှုမရှိတဲ့ Islets ဆဲလ်တွေကို အင်ဆူလင်ထွက်လာအောင် လှုံ့ဆော် ပေးကြမလား၊ ဒီအချက်ကလည်း အနာဂတ်မှာ ဆီးချိုကုသမှုအတွက် စဉ်းစားစရာ မျှော်လင့်ချက် ၁ ခု ဖြစ်ပါတယ်။ သက်ရှိ ၁ ဦးရဲ့ မုန့်ချို အိတ်ထဲမှာ အင်ဆူလင်ဘယ်လောက် ထိ သိုလှောင်ထားလဲဆိုတာ သိနိုင် တာက တစ်ကယ့်ကို ထူးခြားတာပါပဲ။ ပြီးတော့ ဒီသုတေသနက အရေးကြီး ပြီး မုန့်ချိုအိတ်က အင်ဆူလင် ဘယ်လောက် ထုတ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပိုမိုနားလည်နိုင်မယ့် ပထမခြေလှမ်းဖြစ်ပါတယ်လို့ သုတေ သီတွေက ပြောကြားခဲ့ပါတယ်။
ဖိုးသောကြာ