September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

ဆိုဒီယမ်ကြောင့်အသည်းထိခိုက်မှုဖြစ်စေနိုင်

1

Health Updates Journal

No. 210
ဆားလွန်ကဲစွာစားသုံးခြင်း သည်သွေးတိုးရောဂါဖြစ်စေနိုင်ကြောင်း သိရှိထားပြီးဖြစ်သည်။ ယခုအခါသွေးတိုးခြင်းသာမကအသည်း ထိခိုက်ပျက်စီးခြင်းကိုလူကြီးများနှင့်ကြီးထွားဆဲလ်သန္ဓေသားလောင်း အပေါ်တွင်လည်း ဖြစ်စေနိုင်ကြောင်း ထပ်မံတွေ့ရှိသည်ကို Journal of Agricultural and Food Chemistry  တွင် တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်ကျီနန်တက္ကသိုလ်မှပြုလုပ်ခဲ့သော Study အား ထည့်သွင်း ဖော်ပြခဲ့သည်။ ဓာတ်ခွဲခန်း အခြေအနေတွင်စမ်းသပ်ခဲ့သောရလဒ်များအရဆိုဒီယမ်လွန်ကဲစွာစားသုံးခြင်းကြောင့်အသည်းတွင်ပြောင်းလဲမှုများဖြစ်ပွားပြီး ယင်း ပြောင်းလဲမှုများကြောင့်အသည်း ခြောက်ခြင်းကိုဖြစ်စေနိုင်ပါသည်ဟု ဆိုထားသည်။ ပြောင်းလဲမှုများတွင်ဆဲလ်ပုံသဏ္ဍန်မမှန်ခြင်းများ၊ ဆဲလ်သေဆုံးနှုန်း မြင့်မားခြင်းများ၊ ဆဲလ်ပွားများမှုနှုန်း ကျဆင်းခြင်းတို့ ပါဝင် သည်။ ယင်းကဲသို့ဆဲလ်ပြောင်းလဲခြင်းများ ဖြစ်စေရသည့်အကြောင်း အရင်းမှာ ဓာတ်တိုးမှုကြောင့်ဖြစ်နိုင်သည်ဟု ဆိုသည်။ ကိုယ်ခန္ဓာအတွင်းရှိ ဇီဝကမ္မဖြစ်စဉ်များမှ Free Radical  ဟုခေါ်သည့် ဓာတ်တိုး ပစ္စည်းများ (အောက်ဆီဂျင်သတ္တိကြွ ပစ္စည်းများ) ထွက်ရှိခြင်းနှင့် ၎င်းင်း တို့ ၂ ခုစလုံးအရေအတွက်ညီမျှမှုရှိမှသာလျှင်ဆဲလ်များလုပ်ငန်း ပုံမှန်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့ မဟုတ်ပါကဆဲလ်များ သေဆုံးခြင်း ကိုဖြစ်စေကာအသည်းခြောက်ခြင်း(Liver-Cirrhosis) ကိုဖြစ်စေသည် ဟု ဆိုပါသည်။ အကယ်၍ဗီတာမင် C ကဲ့သို့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တစ်ခုနှင့်ကုသပေးပါမှုဆိုဒီယမ်ဆားဓာတ်ကြောင့်အသည်းထိခိုက်မှုကိုတန်ပြန်ကာကွယ်မှုတစ်စိတ်တစ်ဒေသကိုကာကွယ်ပေးနိုင်သည် ဟု ဆိုလာသည်။

Dr A.Z