September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

ဆီးချိုဆေးအချို့က အရိုးကျိုးနိုင်ခြေပိုများစေ

Glucose level blood test

Health Updates Journal,

Vol(2), Issue(187)
လေ့လာမှု အသစ်တစ်ခုက အချို့ ဆီးချိုဆေးများသည်အရိုးတွင်း တွင် အဆီများစုဝေးမှု ပိုမိုဖြစ်ပေါ်စေ ပြီး အရိုးကျိုးနိုင်ခြေ ပိုများစေသည်ဟု သတိပေးခဲ့သည်။Rosiglitazone အမျိုးအစား Avandia အမည်ဖြင့် ဈေးကွက်တွင်ရသောဆေးက ပမာ ဏများများသောက်ပါက အရိုးတွင်း အဆီစုခြင်း ဖြစ်ပေါ်လာစေနိုင်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းက ယင်းအဆီ ပမာဏ လျော့ကျစေသည်ဟု သိရ သည်။ လေ့လာသူ ခေါင်းဆောင့် University of North Carolina ဆေးကျောင်းမှ လက်ထောက် ပါမောက္ခ မာယာစတိုင်နာက ]]ဆရာ ၀န်များအနေဖြင့် ဆီးချိုရောဂါနှင့် ဆေးအချို့၏ အရိုးပေါ်သက် ရာက် ပုံ ဆက်စပ်မှုကို ပိုမိုနားလည်လာရန် လိုကြောင်း ယူဆသည်ဟု ပြောကြား ခဲ့သည်။ Rosiglitazone က သွေး အတွင်း ဂလူးကို့စ်များကို သယ် ဆောင်သွားပြီး ဆီးချိုကို ကျစေ တယ်။

သို့သော်လည်း ယင်းဆေးအား ပမာဏ အများကြီးသုံးစွဲ၍ အရိုးထဲ တွင် အဆီပုံမှု များနေချိန်တွင်ပင် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက အရိုး တွင်းအဆီများ သိသာစွာ ကျစေ ကြောင်း တွေ့ရသည်။ ယင်းတွေ့ရှိ မှုအားJournal of Endocrinology  ၌ ပုံနှိပ်ဖော်ပြခဲ့သည်။
ဖိုးသောကြာ

Ref; IANS