September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

"စွဲဆောင်မှုရှိသော ယောကျာ်းများသည် တစ်ကိုယ်ကောင်း ပိုဆန်"

Satisfied smiling businessman standing in the green outdoors.

Health Updates Journal

No.158

လေ့လာမှုတစ်ရပ်အရ စွဲဆောင် မှုရှိသော အမျိုးသားများသည် စွဲ ဆောင်မှုရှိသော အမျိုးသမီးများ ထက် ပိုမိုတစ်ကိုယ်ကောင်းဆန် ကြသည်ဟု သိရသည်။ ထိုလေ့လာမှု ကို Brunel University London မှ သုတေသီများသည် အမျိုးသမီးနှင့် အမျိုးသားအကြား စွဲဆောင်မှုရှိခြင်း နှင့် တစ်ကိုယ်ကောင်းဆန်ခြင်းကို ပြုလုပ်ခဲ့ကြသည်။ လေ့လာမှုအတွက် အမျိုးသား ၆၃ ဦးနှင့် အမျိုးသမီး ၆၂ ဦး ပါဝင်ခဲ့ပြီး သူတို့ကို 3D နည်း ပညာဖြင့် Scan ဖတ်ပြီး စွဲဆောင်မှု အချက်များကို ရမှတ်များပေးပြီး တိုင်းတာခဲ့ကြသည်။

ထို့နောက် ကိုယ်ရေးအကြောင်း နှင့် ပတ်သက်သည်များကို မေးခွန်း များမေးပြီး ကောက်ယူခဲ့ကြသည်။ ထိုအခါ အမျိုးသားများသည် အမျိုး သမီးများထက် စွဲဆောင်မှုရှိလေလေ တစ်ကိုယ်ကောင်း ပိုဆန်လေ ဖြစ် ကြောင်းကို တွေ့ရှိခဲ့သည်။
မာဃ
Ref: Netdoctor