September 20, 2017

နောက်ဆုံးသတင်းဆောင်းပါးများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လိုင်ဘေးရီးယားမှာ အီဘိုလာကင်းစင်သွားပြီဖြစ်ကြောင်း ကြေညာ

5

Health Updates Journal

No. 169
အနောက်အာဖရိကနိုင်ငံမှာ လိုင်ဘေးရီးယားဟာ အီဘိုလာကင်းစင်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က မေ ၉ ရက်မှာ ကြေညာ ခဲ့တယ်။ လိုင်လေးရီးယားမှာ အီဘို လာကြောင့် လူ ၄၇၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ၄၂ ရက်အတွင်း အီဘိုလာထပ်မံဖြစ်ပွားမှု မရှိတာ ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အီဘိုလာကင်းစင်ကြောင်း ကြေညာ ခဲ့တာဖြစ်တယ်။
အီဘိုလာကြောင့် လူအမြောက် အမြားသေဆုံးခဲ့တဲ့ နိုင်ငံ တစ်နိုင်ငံမှာ သမိုင်းဝင် အောင်မြင်မှုရရှိခဲ့တာ ဖြစ်ကြောင်း၊ အီဘိုလာတိုက်ဖျက် ရေးမှာ ဧရာမအောင်မြင်မှုကြီးဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့တယ်။
ယမန်နှစ် စက်တင်ဘာနှောင်း ပိုင်းမှာ အီဘိုလာဖြစ်ပွားမှုအမြင့်ဆုံးစံချိန်ရောက်ရှိခဲ့ပြီး၊ လိုင်ဘေးရီးယား မှာ တစ်ပတ်လျှင် လူ ၄၀၀ လောက် ကူးစက်ခံခဲ့ရတယ်။ မြို့တော်မွန်ရိုး ဗီးယားမှာ လမ်းတွေပေါ်မှာရောဂါ ကြောင့် သေဆုံးတဲ့အလောင်းတွေ စုပုံနေခဲ့ပြီး၊ မြို့ဟာဖရိုဖရဲဖြစ်နေခဲ့ တယ်။
လူ ၄ ဒသမ ၃ သန်း အတွက် ဆရာဝန် ၅၀ နဲ့ သူနာပြု ၁၀၀၀ လောက်သာရှိတဲ့ လိုင်ဘေးရီး ယား ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာ ပျက်စီးသွားခဲ့ပြီး၊ ကျန်းမာရေးလုပ် သား ၂၇၅ ဦး ရောဂါ ကူးစက်ခံခဲ့ ရတယ်။ အဲဒီအထဲက ၁၈၉ ဦး သေ ဆုံးခဲ့ရတယ်။
အောက်တိုဘာလထဲမှာ တစ် ပတ်အတွင်း လိုင်ဘေးရီးယားမှာ အီဘိုလာကြောင့် သေဆုံးသူ ၃၈၉ ဦးရှိခဲ့တယ်။ အဲဒီနောက် သေဆုံးသူ ဦးရေ တစ်စတစ်စ လျော့ကျလာခဲ့ပြီး ၂၀၁၅ ခုနှစ် အစောပိုင်းမှာ သေဆုံး သူ ဆယ်ဂဏန်းအထိ လျော့ကျသွား ခဲ့တယ်။
မေ ၉ ရက်က မွန်ရိုးဗီးယား မှာ ကျင်းပတဲ့ အီဘိုလာကင်းစင် ကြောင်း အထိမ်းအမှတ် အခမ်းအနား မှာ သမ္မတအယ်လင်ဂျွန်ဆင် ဆာ လိဖ်က နိုင်ငံသားတွေနဲ့ကျန်းမာ ရေးအလုပ်သမား တွေကို ဂုဏ်ပြုခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့တယ်။
လိုင်ဘေးရီးယားမှာ အီဘိုလာ ကင်းစင်သွားပေမယ့်လည်း အိမ်နီး ချင်း ဂီနီ၊ ဆီယာရာလီယွန်တွေမှာ အီဘိုလာ ဆက်လက်ဖြစ်ပွားနေတာ ကြောင့် လိုင်ဘေးရီးယားသို့ အီဘို လာပြန်လည် ၀င်ရောက်လာနိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခဲ့တယ်။

ညွန့်လွင်(စက်မှုတက္ကသိုလ်)
Ref; AFP